0

မင်းမသိတဲ့ ငါ

မင်းမသိတဲ့ ငါ



ငါ - သိထားပါတယ် .. မင်းအကြောင်းကို
ငါ - သတိထားပါတယ် .. ငါ့အကြောင်းကို
ငါ - သိသွားပါတယ် .. အများပြောတဲ့မင်းအကြောင်းကို

မှန်နေတာထက် မှားနေတာကခက်တယ်
ရပ်နေတာထက် သွားလိုက်မိတာလွန်လို့လား
ငါသိတဲ့ ငါက မင်းမသိတဲ့ ငါလား


ဖယောင်းတိုင် ( စိတ်ပညာ )
 
 

 


1

အူကြောင်ကြောင်ဇာတ်ထုပ်



"အိမ်မက်တစ်ခုရဲ့ကြယ်"


ထုပ်စီးထိုးကစားနည်းမှာတော့ ...
ဖမ်းသူဘက်က ဘယ်လိုနေနေ ...
ထမင်းရည်ပူ မလောင်နိုင်ဘူးးလေ ...

ငါ့အဖြစ်က ၀မ်းနှုတ်ဆေးစားပြီးးးးး
ဝမ်းသွားမယ့်အချိန်ကို မသိသလိုပါပဲလားးးးးးး
မင်းရဲ့ဆံပင်ရှည်တွေကို ...
ငါကြောက်လာမိနေပြီ ...

အချစ်ဆိုတာ ကြော်ငြာကောင်းလို့ ၀ယ်စားနေတဲ့
ခေါက်ဆွဲခြောက် တစ်ထုပ်လားးးးးး ?
ငါမျှော်လင့်ထားသလောက်တော့ ...
အရသာရှိမှာမဟုတ်ပါဘူးးးးးးး

သက်တန့်တစ်ခု ငါ့ပါးထက်မှာစီးမျောသွားစေတာ
မင်းးးးးးကြောင့်ဆိုရင် ...
မင်းးးးးးးးဘာပြောမလဲ ?

ပရောမီးယပ်စ်လို ငါ ...
မိုက်ရူးရဲဆန်မိမလား ငါမပြောနိုင်သေးဘူးးးးးး
အေးးး ငါကျီစားမှ ရက်စက်တယ်လို့
မပြောမိစေနဲ့နော် .....

(ပလုပ်တုတ်)